ဒိုမိန်းနိမ်းတစ်ခုဝယ်တာနဲ့ နာမည်တွေခွဲတာနဲ့ပတ်သတ်လို့ သူငယ်ချင်းတစ်ယောက် မေးလာတာနဲ့ပတ်သတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ တခြားဝယ်နည်းတွေ ကျွန်တော်မသိပါ။ blogger ကနေ ၀ယ်ယူပုံကိုသာ ဖေါ်ပြမှာဖြစ်ပါတယ်။
၁။ အောက်ကပုံလေးအတိုင်း ၀ယ်ယူလိုတဲ့ ဘလော့အတွက် Setting>Publishing>Custom Domain ကိုသွားလိုက်ပါမယ်။
၂။ လိုချင်တဲ့ နာမည်တစ်ခုကို (.com .info စသည်ဖြင့်ရွေး) ဖြည့်ပြီး နာမည်သုံးရမရ Check Availability လုပ်ကြည့်ပါမယ်။
၃။ သုံးလို့ရတဲ့ နာမည်တစ်ခုဖြစ်မယ်ဆိုရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။ တစ်နှစ်အတွက် ၁၀ ဒေါ်လာပါခင်ဗျ။
၎။ ဖြည့်ရမယ့် နမူနာပုံစံဖြစ်ပါတယ်ခင်ဗျ။
၅။ အားလုံးဖြည့်ပြီးရင်တော့ အောက်ပါအတိုင်း ပေါ်လာပါမယ်။ မှာလို့ရပါပြီခင်ဗျ။
၆။ အောက်ကပုံကတော့ ၀ယ်ယူပြီးလို့ ၀င်လာမယ့် mail ပုံစံပါခင်ဗျ။ ဒီအဆင့်မှာပဲ domain name ၀ယ်ယူခြင်းပြီးပါတယ်။ မကြာမီ မိနစ်ပိုင်းမှာပဲ နာမည်သစ်နဲ့ စလို့ရပါပြီ။ ဆက်လက်ဖေါ်ပြမှာကတော့ domain name လေးတွေ ခွဲဖို့ပါခင်ဗျ။
၇။ အပေါ်ပုံက လင့်အတိုင်း သွားမယ်ဆိုရင် အောက်ကပုံကို ရလာပါမယ်
၈။ အကောင့်နဲ့ password ကို အောက်ပါအတိုင်းပြုပြင်ဖန်တီးပါ့မယ်။ (ကျွန်တော်ဝယ်တုံးက ID PW တန်းပါသလား မပါသလား မမှတ်မိပါ။ မပါရင်လို့ သဘောထားပြီး ပြန်ယူလိုက်တာကောင်းမယ်ထင်ပါတယ်။ ID PW ပါ မေးမှာပေးရင်တော့ ဒီအဆင့် ၈ ကို ကျော်ဖတ်လိုက်ပါခင်ဗျ။)
မှ တဆင့်
၉။ မေးကို ID pw ရောက်ပြီရောက်ပြီဆိုရင်တော့ အောက်ပါလိပ်စာအတိုင်းဝင်လိုက်ပါတယ်။
၁၀။ မိမိဆိုဒ် လိပ်စာအတိုင်းဝင်လိုက်ပါမယ်။
၁၁။ ဖန်တီးထားတဲ့ ID PW နဲ့ဝင်လိုက်ပါမယ်။
၁၃။ ဒီပုံအရ email အသစ်လုပ်တာတွေ ဒိုမိန်းနိမ်းလေးတွေ ခွဲတာကို လုပ်လို့ရပါပြီခင်ဗျ။ အောက်ပါပုံအတိုင်း သွားလိုက်ပါမယ်။
၁၄။ အောက်ပါပုံအတိုင်းဆက်ဝင်လိုက်ပါမယ်။
၁၅။ ဒီ Page တစ်ခုပေါ်လာပြီး ID PW တောင်းပါတယ်။
၁၆။ ပေါ်လာတဲ့ Page က အောက်ပါ နေရာလေးရွေးကလစ်ပါမယ်။
၁၇။ Add new နှိပ်ပြီး အောက်ကအတိုင်း astro နေရာမှာ နှစ်သက်ရာ နာမည်ပြောင်းပြီး တစ်ကြောင်းရိုက် save လိုက်ပါခင်ဗျ။
၁၈။ နာမည်ပြောင်းလိုတဲ့ ဘလော့ရဲ့ ဒီနေရာကို သွားပါမယ်။ Custom domain မှ Advanced Setting ဖြစ်ပါတယ်။
၁၉။ အခုဆိုရင်တော့ http://technohalo.com မှ http://astro.technohalo.com ကို အောင်မြင်စွာ ခွဲပေးလိုက်ပြီဖြစ်ပါကြောင်းခင်ဗျား။
အဆင်ပြေပါစေခင်ဗျာ
အမောင်
PS: ကူညီဖြေရှင်းပေးသော ကိုတေ အားကျေးဇူးတင်ပါသည်။
- Home
- 3D CAD
- C++
- Civil
- Engines
- GASTURBINES
- Graphic
- ElectroWave.1
- ကျွန်တော်နှင့် waveform များ
- layer များနှင့် semicnductor များ
- resister များနှင့် တိုင်းတာပုံ
- DC voltage သဘာဝ
- လျှပ်စစ်စီးဆင်းပုံ
- Program နဲ့ တိုင်းကြည့်မယ်ဆိုရင်
- V/I Division Formula
- power ဘာ့ကြောင့်လိုတာလဲ
- KCL KVL အသုံးချတွက်နည်း
- star delta connection
- Short နဲ့ Open ၊ On နဲ့ Off
- ac ဖြစ်ပေါ်လာပုံ
- ac နဲ့ DC ကြားက အရှုပ်
- DC average နှင့် CircuitMaker
- CircuitMaker နဲ့ wave-generate
- ac 220 waveform အမှန်
- KCL KVL ဖြတ်လမ်းအတွေး
- Diode on/off သဘာဝ
- ဘယ်အချိန်တွေမှာ diode on/off လဲ
- ac source နဲ့ Diodes
- diode ပြောတဲ့ full/half wave
- rectifiers သဘာဝ
- Capacitor သဘာဝ
- resistor/capacitor တန်ဖိုးဖတ်ခြင်း
- Transformer သဘာဝ
- center-tapped Xmer ထူးခြားချက်
- fullwave ထုတ်နည်း ၁
- fullwave ထုတ်နည်း ၂
- fullwave ကို ချောမွေ့သွားအောင်
- ElectroWave.2
- Marine Electrical
- Music-Creation
- Singapura-IT
- Templates
- Softwares
- E-books
- Videos
- TechnoHalo=?
Tuesday, July 27, 2010
Domain name ၀ယ်မယ် နာမည်တွေခွဲမယ်ဆိုရင်
Thursday, July 22, 2010
Machining Processes (1)
Conventional machining processes ခေါင်းစဉ်ရဲ့အောက်မှာ အမျိုး အစား (၆) မျိုး ခွဲခြားထားပါတယ်။ ဒါတွေကတော့
၁။ Turning
၂။ Milling
၃။ Drilling
၎။ Shaping
၅။ Grinding
၆။ Broaching တို့ပဲဖြစ်ပါတယ်။
Nonconventional machining processes ခေါင်းစဉ် ရဲ့အောက်မှာ အမျိုး အစား (၁၀) မျိုး ခွဲခြားထားပါတယ်။
ဒါတွေကတော့
၁။ Electro chemical Machining (ECM)
၂။ Electro Discharge Machining (EDM)
၃။ Wire Electro Discharge Machining (WEDM)
၎။ Abrasive Jet Machining (AJM)
၅။ Ultrasonic Machining (USM)
၆။ Liquid Jet Machining (LJM)
၇။ Electron Beam Machining (EBM)
၈။ Laser Beam Machining (LBM)
၉။ Ion Beam Machining (IBM)
၁၀။ Plasma Arc Machining (PAM)



Lathe machine တွေဟာ Turning machining processes ထဲမှာ ပါဝင်ပါတယ်။
Turning machining processes နဲ့ပါတ်သတ်ပြီး workpiece နဲ့ tool တို့ရဲ့ အခြေခံတွဲဖက် လုပ်ဆောင်ပုံတွေကတော့ အောက်မှာ ပုံတွေနဲ့ ရှင်းပြပေးမှာဖြစ်ပါတယ်။

ပုံ(၁) - အခြေခံ Turning machining processes ၏အလုပ်လုပ်ပုံ
Dp = အဓိက ရွှေလျှားမှု့ (the main cutting motion) ၊ Ds = ခုတ်စား အရွှေ့ (feed motion) ၊ α = workpiece တစ်ခု ရဲ့ ၀န်ရိုးကနေ အခြေခံတည်ရှိတဲ့ ထောင့် ၊ L = workpiece ရဲ့ စုစုပေါင်း အလျှား ၊h = tailstock ရဲ့ အမြင့်။
workpiece တစ်ခုရဲ့ မျက်နှာပြင်စားတဲ့ လုပ်ငန်းစဉ် ပေါ်မူတည်ပြီးတော့ external turning နဲ့ boring ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Tools တွေ ရဲ့ ခုတ်စားရာ လမ်းကြောင်းပေါ် မူတည်ပြီးတော့ longitudinal turning (ပုံ(a) ၊ လည်နေတဲ့ workpiece ရဲ့ ၀န်ရိုးတစ်လျှောက် အပြိုင်ပုံစံ ခုတ်စားခြင်း)၊ lateral turning (ပုံ (б) ၊ လည်နေတဲ့ workpiece ရဲ့ ၀န်ရိုးအပေါ် ထောင့်မတ်ကျ ခုတ်စားခြင်း)၊ turning cones (ပုံ (в) ၊ လည်နေတဲ့ workpiece ရဲ့ ၀န်ရိုးကနေ ထောင့်တစ်ခု ချိုး၍ ခုတ်စားခြင်း) နှင့် turning shaped surfaces ပုံ(г,д)ဆို ပြီး ခွဲခြားနိုင်ပါတယ်။

ပုံ(၂) - စက် အသွားများ
Cutter တွေကို အမျိုးအစား ခွဲရာမှာ - မျက်နှာပြင်စားနှင့် ထိပ်ဖြတ်စားသောTools (ပုံ(a)) ၊ အတွင်းမျက်နှာပြင်စားသော Tools (ပုံ(б)) ၊ မြောင်းဖော်ခြင်းနှင့် ပိုင်းဖြတ်စားသော Tools (ပုံ(в)) ၊ Thread ဖော်သော Tools (ပုံ(г)) နှင့် ပုံဖော်စားသော Tools (ပုံ(д))ဆိုပြီး ခွဲခြားနိုင်ပါတယ်။
Cutters တွေရဲ့ အလုပ်လုပ်ပုံ ဖြစ်စဉ်တွေ ပေါ်မှာ မူတည်ပြီး အကြမ်းစား ၊ အချောစား နှင့် အသင့် အတင့်စား Cutters များလို့လည်းခွဲခြားထားကြပါသေးတယ်။
Tools တစ်ခုကို Geometry ပုံအရ ကြည့်မယ် ဆိုရင် အရိုးရှင်းဆုံး single point tools တစ်ခု မှာ အောက်ပါ ပုံ အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Workpiece တွေကို တပ်ဆင်ရာမှာ အောက်ပါ ပုံများအတိုင်း တပ်ဆင်လေ့ရှိတာ ကိုတွေ့ရှိရပါတယ်။

ပုံ(၃) - တပ်ဆင်ပုံ အမျိုးမျိုး
(а) - three-jaw ဖြင့် ညှပ်ထိန်းခြင်း ၊ (б) – Center မှ ညှပ်ထိန်းခြင်း၊ (в) – ခါးပါတ်ကဲ့သို့ ရစ်ပါတ် ထိန်းချုပ်ခြင်း ၊ (г) – support များဖြင့် ထိန်းညှပ်ခြင်း ၊ (д) - အတွင်းမှ ချူပ်ထိန်းခြင်း။ (၁) - ကိုယ်ထည် ၊ (၂) - ခုတ်စားမည့်ပစ္စည်း (workpiece) ၊ (၃) – Cams ၊ (၄) - ထုချွန်ပုံ (သပ်)။
Tuesday, July 13, 2010
ဆွေးနွေးချက် (၁၀)
do while loop
do statement while (condition);
ဒါကတော့ looping တွေထဲ do while ဆိုတဲ့ loop ပါ ။ do while ရဲ့အလုပ်လုပ်ပုံက လည်း while နဲ့ဆင်တူပါတယ် ။ ဒါပေမဲ့ကွဲသွားတာလေးတစ်ခု က while မှာ condition ကိုစစ်ပြီးမှန်မှအလုပ်လုပ်တယ် do while မှာကျတော့ do မှာတင်အလုပ်လုပ်ခဲ့ပြီးနောက်ဆုံးကျမှ while မှာဝင်စစ်ပါတယ် ။ while က expression ကမှန်နေသေးသမျှ looping ဆက်ပတ်နေပြီး ထပ်ခါ ထပ်ခါ do နေမှာပါ ။ မျက်စိထဲပိုပြီးမြင်သာသွားအောင် ဥပမာလေးကြည့်ကြစို့ဗျာ ..။
Example for do while loop
#include <iostream>
int main()
{
int counter;
std::cout << "How many time to say hellos? ";
std::cin >> counter;
do
{
std::cout << "Hello\n";
counter--;
} while (counter >0 );
std::cout << "counter is: " << counter << std::endl;
return 0;
}
ရှင်းလင်းချက်
std::cout << "How many time to say hellos? ";
std::cin >> counter;
ဆိုတာကတော့ Hello လို့ ဘယ် နှခါ ပြောချင်လဲ ။ စက်ခရင်မှာပြချင်လဲလို့မေးလိုက်တာပါ ။ အဲဒီအချိန်မှာ Program User ကနေ ရိုက်ထည့်ပေးလိုက်မဲ့ တန်ဖိုး ကို counter ဆိုတဲ့ integer variable တစ်ခုနဲ့ထည့်ထားလိုက်ပါတယ် ။
နောက် အောက်ကိုဆင်းသွားပြီး do ကိုတွေ့တာနဲ့ do while looping ထဲကိုစဝင်ပြီးအလုပ်လုပ်ပါတယ် ။ std::cout << "Hello\n";
counter--; ဆိုတဲ့အတွက်ကြောင့် Hello လို့ secreen မှာရေး ပီးရင်နောက်တစ်ကြောင်းဆင်း မူလကပေးထားတဲ့ counter ရဲ့တန်ဖိုးကို ၁ နှုတ် လိုက်ပါတယ် ။ အဲဒီကနေအောက်ကိုဆက်ဆင်းသွားပြီး while (counter >0 ); ကိုရောက်တဲ့အခါမှာ မူလတန်ဖိုးကိုတစ်နှုတ်ထားတဲ့ counter တန်ဖိုးဟာwhile မှာဖော်ပြထားတဲ့ အခြေနေနဲ့ကိုက်ညီလားဆိုတာ စစ်ပါတယ် ။ ဒီ program မှာတော့ 0 သုညထက်ကြီးလား စစ်တာဖြစ်ပါတယ် ။ တကယ်လို့ ကြီးနေသေးတယ်ဆိုရင် အပေါ်ကိုပြန်တက်ပြီး do ကိုပြန်လုပ် နောက်ခါ
while နဲ့ ထပ်ပြန်စစ်လုပ်ပါတယ် ။ တကယ်လို့ while မှာပြထားတဲ့ အခြေနေနဲ့မကိုက်ညီဘူး 0 သုညဖြစ်သွားပြီ ဆိုတာနဲ့ do while loop ကနေထွက်သွားပါတယ် ။
std::cout << "counter is: " << counter << std::endl;
ဆိုတာကတော့ do while မစခင်တုန်းကကျွန်တော်တို့ က ၈ ဆိုပြီးပေးထားခဲ့တယ် ။ နောက် do while လုပ်လိုက်ပြီးတဲ့အခါမှာ ဘယ်လောက်ကျန်တော့လဲ ဆိုတာသိအောင်လို့ထုတ်ပြပေးခိုင်းထားပါ ။ အောက်က result လေးနဲ့ပါတွဲပြီးကြည့်ကြည့်ပါ ။ အလုပ်လုပ်ပုံတွေက while နဲ့သိပ်မကွာလှပါဘူး နာလည်းမယ်လို့ထင်ပါတယ် ။
Result
do while with end condition
#include <iostream>
using namespace std;
int main()
{
char ch;
do {
cout << "Do You Love Me? (y = YES or n = No)\n\n";
cin >> ch;
} while(ch != 'y');
cout<<" \3I Love You Too! \3\n";
return 0;
}
ဒီ Program ကတော့ Do While Loop ရဲ့ ဆုံးမှတ်တစ်ခုကိုပဲပေးထားပြီး looping ပတ်တဲ့ပုံစံပါ ။ ဘယ်နှကြိမ်ရယ်လို့လည်းသတ်မှတ်မထားပါဘူး ။ ပီးတော့ ဘယ်ရွေ့ဘယ်မျှ လျှော့သွားရမယ်တိုးသွားရမယ်လို့လည်းသတ်မှတ်မထားပါဘူး။ ဆုံးမှတ်တစ်ခုကိုပဲပေးထားပြီး while မှာ စစ်လိုက်လို့ မညီဘူးဆိုရင်မညီမချင်း looping ပတ်နေပြီး ညီတဲ့အခါမှာတော့ looping ကနေထွက်သွားမှာပါ ။ အပေါ်က ကုဒ်လေးမှာ cout << "Do You Love Me? (y = YES or n = No)\n\n"; ဆိုပြီးမေးထားပါတယ် ။ User ကထည့်ပေးမဲ့တန်ဖိုးကို ch ထဲမှာထည့်ပြီး while မှာသွားစစ်မှာပါ ။ while(ch != 'y'); ဆိုတဲ့အတွက် y ကိုရိုက်မှာ looping ကရပ်သွားမှာပါ ။ y မရိုက်မချင်းတော့ looping ပတ်ပြီး အမြဲတမ်းမေးနေမှာဖြစ်ပါတယ် ။ အောက်က Result ကိုကြည့်ကြည့်ပါ ။
Result
Nested if statement in a do while loop
Nested if statement တွေကို Do While Loop နဲ့ အတူတွဲသုံးထားတဲ့ Program လေးတစ်ပုဒ်ပါ ။ တနည်းအားဖြင့်တော့ Guessing Game တွေရဲ့ simple progam လေးလို့လည်းပြောနိုင်ပါတယ် ။ ကြည့်ကြည့်ပါဦး ။
#include <iostream>
#include <cstdlib>
using namespace std;
int main()
{
int magic;
int guess;
magic = rand(); // get a random number
do {
cout << "Enter your guess: ";
cin >> guess;
if(guess == magic) {
cout << "Right";
cout << magic << " is the magic number.\n";
}
else {
cout << "...Sorry, you're wrong.";
if(guess > magic)
cout << " Your guess is too high.\n";
else cout << " Your guess is too low.\n";
}
} while(guess != magic);
return 0;
}
ရှင်းလင်းချက်
ဒီ Program လေးမှာ #include <cstdlib> header file ကိုသုံးထားပါတယ် ။ ဘာကြောင့် ခေါ်သုံးထားလဲဆိုတော့ rand () ဆိုတဲ့ ဖန်ရှင်ကိုသုံးချင်လို့ပါ ပဲ ။ rand () ဆိုတာကတော့ random ခေါက်ထားတဲ့ ဂဏန်းတွေပါ ။ ဘာပြီးရင်ဘာလာရမယ်ဆိုပြီးသတ်မှတ်ထားလို့မရပါဘူး သူ့ကျချင်ရာကျလာပါလိမ့်မယ် ။ do statement ထဲမှာတော့ ကျွန်တော်တို့လုပ်ဆောင်ချင်တာတွေကိုရေးထားပါတယ် ။ ramdom ခေါက်လို့ရလာတဲ့အဖြေမှန် ကို user မှန်းတဲ့ ဂဏန်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ if ..တွေ else တွေကို သုံးပြီးရေးထားပါ တယ် ။ အဲဒါတွေကိုတော့အသေးစိတ်ရှင်းမပြတော့ပါဘူး ။ အရင် ပြီးခဲ့တဲ့ဆွေးနွေးချက်တွေမှာကတည်းကဆွေးနွေးပြီးထားဖြစ်လို့ပါ ။ နောက်ဆုံးမှာ while(guess != magic); လို့ရေးထားပါတယ် အဲဒီအတွက်ကြောင့် user မှန်းတဲ့ ဂဏန်းဟာအဖြေမှန်မဟုတ်မချင်း do …while loop ကပတ်နေမှာဖြစ်ပါတယ် ။ result ကိုတစ်ချက်ကြည့်ကြည့်ပါ ။
Result
ဆွေးနွေးချက် (၉)
while loop
Looping တွေထဲက ဒီတစ်မျိုးကတော့ while loop ပါ ။ while loop ရဲ့ ရေးသားပုံကတော့
while (expression) statement;
နဲ့
while (expression) { Statement; }
တို့ပါပဲ ။ for တုန်းကလိုပေါ့ brace မပါတာနဲ့ ပါတာ ၂ ခု ကွဲနေတာကိုတော့ for loop တုန်းက ရှင်းပြခဲ့ပြီးဖြစ်လို့ နားလည်လိမ့်မယ်လို့ယူဆပါတယ် ။သူ့ အလုပ်လုပ်ပုံကိုပိုပြီးနားလည်သွားအောင် ဥပမာလေးနဲ့ တွဲပြီးကြည့်ကြည့်လိုက်ရအောင်ဗျာ ။
Example for while loop
#include <iostream>
using namespace std;
int main ()
{
int n;
cout << "Enter the starting number > ";
cin >> n;
while (n>0) {
cout << n << ", ";
--n;
}
cout << "FINISH!\n";
return 0;
}
ရှင်းလင်းချက်
ဒီဥပမာ Program လေးနဲ့ while loop ရဲ့အလုပ်လုပ်ပုံလေးကိုပြောပြပါ့မယ် ။
၁ ။ ပထမ Pogram user ကို starting number တောင်းထားတာဖြစ်တဲ့အတွက် သူကထည့်ပေးလိုက်တဲ့အခါ n ဆိုတဲ့ variable ထဲကိုထည့်ပြီးယူလိုက်ပါတယ် ။
၂ ။ n တန်ဖိုးကို while ရဲ့ expression မှာ စစ်လိုက်ပါတယ်။ (n>0) n တန်ဖိုးဟာ ၀ ထက်ကြီးသလား ဆိုပြီး စစ်တာပါ ။ ဟုတ်ပြီစစ်တယ်ဆိုတဲ့အခြေနေမှာ မှန်တာရှိမယ် မှားတာ ရှိမယ် ။ အဲဒါဆိုတော့ အမှန်အမှားပေါ်မူတည်ပြီး လုပ်ဆောင်တာကွဲပြားသွားနိုင်ပါတယ် ။
(က) တကယ်လို့သာ အခြေနေဟာ သုညထက် ကြီးတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် နောက်ထက် အဆင့် ၃ ကိုထပ်လုပ်ပါ့မယ် ။
(ခ) တကယ်လို့ သုညထက်များငယ်ခဲ့မယ် ဒါမှမဟုတ် သုည ဖြစ်ခဲ့မယ်ဆိုရင် သူပေးထားတဲ့ expression မှားတဲ့အတွက် while loop ကထွက်ပြီး နောက်ဆုံး လုပ်ဆောင်ရမဲ့ အဆင့် ၅ ကိုကျော်ရောက်သွားပါ့မယ် ။
၃ ။ အဆင့် ၂ မှာ စစ်တာမှန်ခဲ့တယ်ဆိုရင် cout << n << ", "; --n; ဆိုတဲ့ statement ကိုလုပ်ဆောင်သွားမှာပါ ။ အဲဒီအတွက်ကြောင့် User ရိုက်လိုက်တဲ့ အစဂဏန်း ကနေစပြီး စက်ခရင်မှာ ထုတ်ပေးပြီး တန်ဖိုး ၁ လျှော့လျှော့သွားမှာပါ ။
၎ ။ အဲဒီလုပ်ဆောင်ချက် ပြီးတဲ့အခါမှာအောက်ကိုဆက်ဆင်းပါတယ် while loop ရဲ့ end block ဖြစ်တဲ့ brace ( } ) ကိုတွေ့တဲ့အခါမှာတော့ အပေါ် while loop ရဲ့ expression ကိုပြန်တက်ပြီး အဆင့် ၂ ကနေပြန်စမှာဖြစ်ပါတယ် ။
၅ ။ ဒီအဆင့်မှာတော့ while loop က ပတ်စရာရှိတာတွေ လုပ်စရာရှိတာတွေအကုန် လုပ်ပြီး တဲ့ အခါ FINISH ဆိုတဲ့ စာသားကိုထုတ်ပေးမှာဖြစ်ပါတယ် ။
ကျန်တဲ့ ပရိုဂရမ် တွေမှာလဲ သဘောတရား ကအားလုံးတူတူပဲဖြစ်ပါတယ် ။ ဒီအဆင့်တွေတိုင်းပဲ အလုပ်လုပ် ပါတယ် ။
Result 
While statement with 'and'&& Operator
#include <iostream>
using namespace std;
int main()
{
int len;
cout << "Enter length (1 to 50): ";
cin >> len;
while(len>0 && len<50)
{
cout << '\3';
len--;
}
cout<<endl;
return 0;
}
ဒါကတော့ နောက်ပုံစံတစ်မျိုးပေါ့ ..။ while loop ရဲ့ expression ထဲမှာ စမှတ်နဲ့ ဆုံးမှတ် ၂ ခုပေးပြီး အဲဒီ ကြားထဲက ဂဏန်းဟုတ်တယ်ဆိုရင် အလုပ်လုပ်ခိုင်းမယ်ဆိုတဲ့ program လေးပါ ။ အဲဒီအတွက် logical operator and (&&) ကိုသုံးထားပါတယ် ။ တခြား အော်ပရေတာတွေနဲ့ လည်းကိုယ်စိတ်ကူးတည့်ရင်တည့်သလို ပြန်စမ်းပြီး run ကြည့်စေချင်ပါတယ် ။ အဲဒါမှတစ်ခါတည်း သူ့သဘောတရားကိုနားလည်သွားမှာဖြစ်သလို အရင် ပြီးခဲ့တဲ့ဆွေးနွေးချက်တွေအတွက်လည်းပြန်ပြီးနွှေးပြီးသားဖြစ်မှာပါ ။
Result
A while true loop
While loop ရဲ့ နောက်ပုံစံတစ်မျိုးပါ ။ while loop ကိုလည်းသုံးချင်တယ် expression မှာလည်း ဘာမှပြစရာမရှိဘူး ဆိုရင် while(true) ဒါမှမဟုတ် while(1) လို့ရေးပြီး ကိုယ်လုပ်စေချင်တဲ့ statement တွေကိုသုံးပြီး while looping ပတ်ခိုင်းနိုင်ပါတယ် ။ (ကျွန်တော်နားလည်သလိုရေးထားတာဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ် ။ )
ဒီလိုပုံစံလည်း while loop ကိုရေးတယ်ဆိုတာကို သိစေချင်တာပါ ။
#include <iostream>
int main()
{
int counter = 0;
while (true) // or while(1)
{
counter ++;
std::cout<<counter<<std::endl;
if (counter > 20)
break;
}
std::cout << "counter: " << counter << "\n";
return 0;
}
Program ရဲ့တခြားအလုပ်လုပ်ပုံအကြောင်းရာတွေကတော့ ထွေထွေထူးထူးမဟုတ်လို့ရှင်းမပြတော့ပါဘူး အပေါ်ဆုံးမှာ ရေးပြခဲ့တဲ့ ဥပမာနဲ့ အလုပ်လုပ်ပုံချင်းတူတူပါပဲ ။ operator break ဆိုတာကတော့ while loop က အဲဒီနေရာကိုရောက်ပြီး break ဆိုတဲ့ နေရာကိုရောက်ပြီဆိုတာနဲ့ပတ်နေတာကိုရပ်ရမယ်လို့ ဆိုလိုတာပါ ။ ဒါကြောင့် counter တန်ဖိုး ၂၀ ကျော်ပြီဆိုတာနဲ့ while loop ကထွက်သွားမှာပါ ။ break ရဲ့အလုပ်လုပ်ပုံအသေးစိတ်ကိုတော့ နောက်မှာပဲ ဆွေးနွေးပါတော့မယ် ။
ကဲဗျာ ဒီပုံစံ ၃ မျိုးလောက်ရယ် စာဖတ်သူ ကိုယ်တိုင် ဥာဏ်ကွန့်မြူးပြီးရေးကြည့်မဲ့ program လေးတွေရယ် ဆိုရင် while loop ရဲ့အလုပ်လုပ်ပုံ ကိုနားလည်ပြီး မှတ်လည်းမှတ်မိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ။ နားကြာဦးစို့ဗျာ …။
ဆွေးနွေးချက် (၈)
Loop
For Loop အကြောင်းမပြောခင် Loop ဆိုတာဘာလဲ ပြောကြည့်ရအောင်ဗျာ Loop ဆိုတာ ပတ်လမ်းပါပဲ ။ ထပ်ကာထပ်က အလုပ်လုပ်စေဖို့ ညွှန်ကြားပေးနိုင်တဲ့ အရာပေါ့ ဗျာ ။ Program မှာ Loop တွေ ကို အမျိုးမျိုး သုံးလေ့ရှိပါတယ် ။ for ,while, do ..while စသဖြင့်ပေါ့ လေ တခြား Pogramming တွေမှာ တခြား loop ပုံစံတွေလည်းရှိဦးမှာ ပါ (ဥပမာ C မှာဆိုရင် Repeat until ပေါ့) အခုက C++ ဆိုတော့ သူ့ထဲမှာပါတဲ့ loop တွေအကြောင်းပဲပြောတာပေါ့ ။
For Loop
For loop ကတော့ Intilization (အစမှတ်) ၊ condition (အခြေနေအတိုင်းတာတစ်ခု သို့ အဆုံးမှတ်) ၊ နဲ့ iteration (တိုးသွားမဲ့ နှုန်း) စတာတွေကိုသတ်မှတ်ပြီးlooping ပတ်ချင်တဲ့အခါမျိုးတွေမှာ for loop ကိုသုံးပါတယ် ။ for loop ရဲ့ ပုံစံ လေးကိုအောက်မှာကြည့်ကြည့်ပါ ။
ပုံစံ (၁)
for(initialization; condition; iteration) statement;
statement တစ်ခုတည်းကို looping ပတ်တဲ့ပုံစံပါ ။
ပုံစံ (၂)
for(initialization; condition; iteration) { statement sequence }
သူကတော့ statements တွေအများကြိးလုပ်ဆောင်ချင်တဲ့အခါမှာ {…} (brace) နဲ့ block လုပ်ပြီး looping ပတ်တဲ့အခါမှာသုံးတဲ့ပုံစံပါ ။
For Loop ရဲ့လုပ်ဆောင်ပုံ
၁ ။ for loop ကို တွေ့ပြီဆိုတာနဲ့ ပထမဆုံး Intilization မှာစပြီး အလုပ်လုပ်ပါတယ် ။ intilization တန်ဖိုးတစ်ခုအတွက် looping တစ်ကြိမ်ပတ်ပါတယ် ။
၂ ။ စမှတ်တန်ဖိုးရသွားပြီးတဲ့ အခါမှာ condition ဖော်ပြချက်မှာထပ်ပြီးစစ်ပါတယ် ။
၃ ။ တကယ်လို့ condition မှာဖော်ပြထားတဲ့ အတိုင်းမှန်နေသေးတယ်ဆိုရင် အောက်ကိုဆင်းပြီး statements တွေကိုလုပ်ဆောင်ပါတယ်။ ပြီးရင် iteration မှာသွားပြီး တော့ repeat လုပ်ရမဲ့နှုန်းအတိုင်း စမှတ်တန်ဖိုးကိုတိုးလိုက်ပါတယ် ။
တကယ်လို့ condition မှာစစ်လိုက်လို့ ဖော်ပြထားတဲ့ အချက်နဲ့ မကိုက်ညီတော့ဘူးဆိုရင်တော့ အောက်က statement ကိုလည်းမလုပ်တော့ပဲ looping ကနေ ထွက်သွားပါတယ် ။
၎ ။ နံပါတ် ၃ က iteration မှ တိုးပေးထားတဲ့နှုန်းအတိုင်း intilized တန်ဖိုး ပြန်စပြီး looping ထပ်ပတ်ပါတယ် ။ နံပါတ် ၁ ၊ ၂ ၊၃ ၊ ၄ ကိုအစဉ်တိုင်းပြန်လုပ်ပါတယ် ။
Example for simplest for loop
မျက်စိထဲမှာရှင်းရှင်းလင်းလင်းမြင်သွားအောင် ဥပမာလေးတွေ ကြည့်လိုက်ရအောင် ။
#include <iostream>
using namespace std;
int main()
{
int count;
for(count=1; count <= 25; count=count+1)
cout << count << " ";
cout<<endl;
return 0;
}
ရှင်းလင်းချက်
အပေါ်က code လေးကိုကြည့်ကြည့်ပါ ။ for loop ရဲ့ ပုံစံ (၁) ကိုသုံးထားပါတယ်။ program မှာက ၁ ကနေ ၂၅ ထိကို ဂဏန်းတွေ ထုတ်ပေးခိုင်းတာပါ ။ ပထမ ကျွန်တော် int count; လို့ data declaration လုပ်ထားပါတယ် ။ ပြီးတော့ for loop စပါတယ်။
၁ ။ အရင်ဆုံး for loop ရဲ့လုပ်ဆောင်ပုံကိုပြောထားတုန်းကအတိုင်းပဲ count = 1 ; ဆိုပြီး count တန်ဖိုးကို ၁ ကနေစပါလို့ကျွန်တော်ပြောထားလိုက်ပါတယ် ။
၂ ။ နောက် condition မှာ ကျွန်တော်က count <=25 ဆိုပြီး count တန်ဖိုး ၂၅ ထိအောင် အလုပ်လုပ်မယ်လို့ ဆုံးမှတ် အခြေနေတစ်ခုပေးထားလိုက်ပါတယ် ။ Program က count တန်ဖိုး ဟာ ၂၅ အောက်ငယ်နေသေးသလား ဒါမှမဟုတ် ၂၅ နဲ့ညီပြီလားဆိုတာစစ်ပါတယ် ။ အခု count တန်ဖိုး က ၁ ပဲရှိသေးတာဖြစ်လို့ သူ့အခြေအနေနဲ့ကိုက်ညီပါတယ် ။
၃ ။ အဲမှာစပြီး statement ကိုအလုပ်လုပ်ပါတယ် ။ cout<<count << “ ” ; ဆိုတဲ့အတွက်ကြောင့် count ရဲ့ စမှတ်တန်ဖိုး ၁ ဖြစ်တဲ့အချိန်မှာ ၁ လို့ စက်ခရင်မှာထုတ်ပေးလိုက်ပါတယ် ။ နောက် iteration အပိုင်းကို ဆက်ကြည့်ပါတယ် ။ count=count+1; ဆိုတဲ့ တိုးသွားရမဲ့နှုန်းကိုပေးထားတာကြောင့် နောက်တစ်ပါတ်အတွက် count ရဲ့စမှတ်မှာ ၂ ဆိုတဲ့တန်ဖိုး ပြန်ဝင်သွားပါတယ် ။
၎ ။ အဲဒီအတိုင်း ပဲ စမှတ်နေရာကနေ နောက်ထပ်တစ်ပါတ် ပြန်ပါတ် ပါတယ် ။ အဆင့် ၁ ၊ ၂ ၊ ၃ ၊ ၄ ကိုအစဉ်တိုင်းပြန်လုပ်ပါတယ် ။
အခု Program လေးမှာကျွန်တော် သိစေချင်တဲ့ အချက်လေးကိုထည့်ထားပါတယ် ။ cout<<endl; ဆိုတဲ့ဟာလေးကို statement အောက်မှာရေးပေးထားတာပါပဲ ။ {..} တွေကိုမသုံးရင် for looping အောက်မှာstatementတစ်ကြောင်းပဲလုပ်တယ်ဆိုတာကိုသိစေချင်လို့ပါ။
Result
For Loop by using brace ({….})
ဒီဥပမာလေးကတော့ အပေါ်မှာပြောထားခဲ့တဲ့ for loop ရဲ့ ပုံစံ (၂) အတွက်ပါ ။ အခု program မှာ{…} သုံးပြီး statements တစ်ခုထက်ပိုတာတွေကို for loop ထဲမှာအလုပ်လုပ်တဲ့ ပုံစံပါ ။ အလုပ်လုပ်ပုံ က တော့ အပေါ် က example Program အတိုင်းပါပဲ ။
#include <iostream>
using namespace std;
int main()
{
int count;
int sum=0;
long int multiply=1;
for(count=1; count <= 25; count++) // count++ ဆိုတာ count=count+1 နဲ့တူတူပါပဲ
{
cout << count << " ";
sum+=count; //sum=sum+count;
multiply*=count; // multiply=multiply*count;
}
cout<<endl;
cout<<"The sum of from 1 to 25 = "<<sum;
cout<<endl;
cout<<"The Multiplication of from 1 to 25 = "<<multiply;
cout<<endl;
return 0;
}
ကုဒ်လေးတွေကို ကိုယ်တိုင် Run ကြည့်ပြီး ထွက်လာတဲ့ result လေးတွေကိုကိုယ်တိုင်လေ့လာကြည့်ပါ ။ ပုံတွေ အများကြီးထည့်ရင်ပို့စ်ရှည်သွားမှာစိုးလို့ ကျွန်တော် result ပုံမထည့်ပေးတော့ပါဘူး ။
For Loop with char
ဒါ ကတော့ နောက် ပုံစံတစ်မျိုးပေါ့ for loop မှာ character ကိုသုံးထားတဲ့ ပုံ စံပါ ။ ဂဏန်းတွေတင် looping ပတ်လို့ရတာမဟုတ်ဘူး character ကိုသုံးပြီးတော့ looping ပတ်လို့ရတယ်ဆိုတာသိစေချင်လို့ ပါ ။
#include <iostream>
using namespace std;
int main()
{
char letter;
for(letter = 'A'; letter <= 'Z'; letter++)
cout << letter<<" ";
cout<<endl;
return 0;
}
For Loop Without Increasement
အပေါ် မှာ for loop ရဲ့ ပုံစံတွေပြောတုန်း က for(initialization; condition; iteration) ရှိတယ်လို့ ကျွန်တော်ပြောခဲ့ တယ် ။ ကျောင်းမှာ C++ ကိုစပြီးသင်ဖူးတုန်း က ဆရာတွေ က ဒီ for loop ကတော့ ဒီလိုပုံစံသုံးရတယ်ဆိုတော့ ကျွန်တော်တို့ က ဒီပုံစံတစ်မျိုးပဲမှတ်လိုက်တာပါ ။ အဲဒီတော့ဘာဖြစ်လာလဲဆိုတော့ တခြား ကျွန်တော်တို့မသိခဲ့ရတဲ့ ပုံစံတွေနဲ့ code လေးတွေကိုတွေ့လိုက်တဲ့အခါ ဒါကဘာကြီးလဲ ဘာကိုဆိုလိုတာလဲ ဆိုပြီး နားမလည်ဖြစ်လာပါတယ် ။ ကျောင်းသားတော်တော်များများလည်းဖြစ်ဖူးမယ်ထင်ပါတယ် ။ ဒါကြောင့် ဒီလို သုံးယုံတင်မဘူး ။ နောက်ထပ် ဒီလိုပုံစံပါ သုံးနိုင်တယ်ဆိုတာကို တစ်ခါတည်းသိသွားစေချင်လို့ပါ ။
#include <iostream>
using namespace std;
int main()
{
int x;
for(x=0; x != 123; ) //without increasement
{
cout << "Enter a number: ";
cin >> x;
}
return 0;
}
ဒီဥပမာမှာကတော့ for loop ပေမဲ့ while loop နဲ့ သွားပြီးဆင်တူသွားပါတယ် ။
// နောက်ပုံစံတစ်မျိုး
#include <iostream>
using namespace std;
int main()
{
int x=0;
for( ; x <= 123; )
{
cout <<x<< " ";
x++;
}
cout<<endl;
return 0;
}
ဒီ ဥပမာ ပုံစံလေးကတော့ intilization ရော increasement ပါ မပါပဲ for loop ရေးတဲ့ပုံစံလေး ပါ ။ အပေါ်က int x=0; ကို အစမှတ်အဖြစ်ယူလိုက်ပြီး အောက် က statement မှာရေးထားတဲ့ x++ ကို increasement အဖြစ်ယူသွားတာပါ ။
Empty for loop statement
ဒါကတော့ for loop မှာ intilization ရော condition ရော iteration ရော တစ်ခုမှ ရေးမထားပဲ ဒီတိုင်းရေးတဲ့ပုံစံပါ ။ သူ့အလုပ်လုပ်တာကတော့ infinity loop ပါ အဆုံးမှတ်မရှိပါဘူး ဘယ်တော့မှရပ်မှာမဟုတ်ပါဘူး ။ အောက်ကကုဒ်လေးတွေကို run ကြည့်ပါ secreen မှ 1 ဆိုတဲ့ဟာတွေ အဆုံးမရှိပြေးနေတာ တွေ့ပါလိမ့်မယ် ။
#include <iostream>
using namespace std;
int main()
{
for( ; ; )
cout << " 1 ";
cout<<endl;
return 0;
}
//နောက်ပုံစံတစ်မျိုး
#include <iostream>
int main()
{
int counter=0;
int max = 3;
for (;;) //infinity for loop
{
if (counter < max)
{
std::cout << "Hello! all my friends\n";
counter++; // increment
}
else
break;
}
return 0;
}
ဒီ တစ်ပုဒ်ကတော့ အခု န က infinity for loop ကိုပဲ ကိုလိုချင်တဲ့ပွိုင့်လေးရောက်ရင် ရပ်သွားအောင်ရေးသွားတဲ့ပုံစံ ပါ ။ for (;;) { } က အဆုံးမရှိပတ်ပေမဲ့ သူ့ထဲမှာပါတဲ့ statement မှာ
int counter=0;
int max = 3;
if (counter < max)
{
}
else
break;
စတဲ့ control လေးတွေသုံးပြီးတော့ အဆုံးသတ်ခိုင်းလိုက်တာပါ ။ အပေါ် က တစ်ပုဒ်နဲ့ အခုတစ်ပုဒ်ကိုနှိုင်းယှဉ်ကြည့်ပါ သဘောပေါက်ပါလိမ့်မယ် ။ ဒီ programလေးမှာ operator break; ကိုသုံးထားပါတယ် ။ သူ့အကြောင်းကိုတော့ နောက်မှာဆက်ဆွေးနွေးပါ့မယ် ။
For Loop without body or Statement
အပေါ်မှာ intilization , condition နဲ့ iteration မပါတာတွေကိုဥပမာ လေးတွေပြခဲ့ပါတယ် အခု for loop မှာ statement မပါတဲ့ပုံစံ ဥပမလေးကြည့်ကြည့်ပါဦး ။
#include <iostream>
using namespace std;
int main()
{
int i;
int sum = 0;
// sum the numbers from 1 through 10
for(i=1; i <= 10; sum += i++) ;
cout << "Sum is " << sum;
return 0;
}
စာဖတ်သူ စိတ်ထဲမှာcout << "Sum is " << sum; က for ရဲ့ statement မဟုတ်ဘူးလားလို့မေးချင်ကောင်းမေးချင်နေပါလိမ့်မယ် ။ မဟုတ်ပါဘူးခင်ဗျာ run ကြည့်လိုက်ပါ ။ သူက for ရဲ့ statement သာဆိုရင် ၁၀ secreen မှာ Sum is ဘယ်လောက်ဆိုပြီး ၁၀ ခါပြမှာပါ ။ အခု ၁ ခါပဲပြပါလိမ့်မယ် ။ sum += i++ လေးရဲ့သဘောတရားကိုတော့ operators ခန်းမှာတုန်းက operator တွေအကြောင်းဆွေးနွေးခဲ့တာကိုနားလည်ခဲ့တယ်ဆိုရင် သဘောပေါက်မယ်လို့ ယူဆပါတယ် ။ sum=sum+i ; i=i+1; ဆိုတဲ့ ၂ ကြောင်းကို ပေါင်းရေးလိုက်တာပါ ။
Use multiple statements in for loops (or) Using comma Operator in For Loops
ဒါကတော့ For loops တစ်ခုတည်းမှာ ၂ မျိုးပတ်နိုင်အောင်ရေးတဲ့နည်း ပါ ။ တစ်မျိုးကို i လို့သတ်မှတ်ပြီး သွားတဲ့ အခါ Increasement နဲ့သွားခိုင်းပါတယ် ။ နောက်တစ်မျိုးကိုတော့ j လို့ သတ်မှတ်ထားပြီး သွားတဲ့ အခါမှာ decreasement iteration နဲ့ သွားတဲ့ သွားခိုင်းထားတာပါ ။ အဲလို ၂ မျိုးကိုတစ်ပြိုင်တည်းရေးဖို့အတွက် comma (,) အော်ပရေတာကိုသုံးထားပါတယ် ။ example လေးကို Run ပြီးလေ့လာကြည့်ပါ ။
#include <iostream>
int main()
{
for (int i=0, j=2; i<3; i++, j--)
std::cout << "i: " << i << "\t j: " << j << std::endl;
return 0;
}
Use nested for loops
ကဲဗျာ … စာဖတ်ရတဲ့သူလည်းတော်တော်ပျင်းရောပေါ့ ဒါကတော့ For loop ရဲ့ နောက်ဆုံး example ပါ ။ for loop ထဲမှာနောက်ထပ် for loop တွေထပ်ပြီးသုံးတဲ့ nested for loop ပုံစံပါ ။ အခုဥပမာလေးက တော့ ၂ ကနေ ၅၀ အတွင်းမှာရှိတဲ့ ဂဏန်းတွေရဲ့ factors တွေကိုရှာပေးမဲ့ Program လေးပါ ။ လေ့လာကြည့်ပါ ..။
#include <iostream>
using namespace std;
int main() {
for(int i=2; i <= 50; i++)
{
cout << "Factors of " << i << ": ";
for(int j = 2; j < i; j++)
if((i%j) == 0) cout << j << " ";
cout << "\n";
}
return 0;
}
ပထမ for loop အလုပ်လုပ်ပြီး factors of <<I လို့ရေးထားတဲ့အတွက် I တန်ဖိုး ၂ဖြစ်တဲ့အချိန် မှာ factors of 2 : လို့ စက်ခရင်မှစပြပါမယ် ပြီးတော့ နောက်ကိုဆင်းသွားပြီး for loop တစ်ခုထဲထပ်ဝင်ပါတယ် j တန်ဖိုးကိုလည်း ၂ ကနေစထားတယ် ။ ပြီးတော့ condition မှာ j က I တန်ဖိုးထက်ငယ်သလားကြည့်ပါတယ် ။ ငယ်တယ်ဆိုရင် အောက်က statement ကိုဆက်လုပ်မှာပါ ။ I =2 ,j=2 ဖြစ်နေတဲ့အတွက် condition နဲ့မညီပါဘူး ဒါကြောင့် ဒုတိယ for loop ထဲက statement ကို မလုပ်ပါဘူး…ပထမ for ရဲ့ iteration ကိုပြန်သွားပြီး နောက်တစ်ပါတ် ထပ်ပါတ်ပါလိမ့်မယ် ။
နောက်တစ်ကြိမ်ထပ်စစ်လို့ ဒုတိယ for loop မှာ condition မှန်ပြီဆိုတာနဲ့ statement ဖြစ်တဲ့ if((i%j) == 0) cout << j << " "; ကိုအလုပ်လုပ်ပါလိမ့်မယ် ။ ဒီ statement ကတော့ I ကို j နဲ့စားမယ်ဆိုရင် အကြွင်း သုည ရမလားဆိုတာစစ်တာပါ ရမယ်ဆိုရင်တော့ j ကိုထုတ်ပေးမှာဖြစ်ပြီး မရဘူးဆိုရင်တော့ထုတ်မပေးပါဘူး ။ အဲလိုနဲ့ ပတ်သွားလိုက်တာ အကြိမ် ၅၀ တိုင်အောင်ပါပဲ ။
ဒီမှာတစ်ချက် သိရမှာ က အပေါ်က i loop တစ်ပါတ် ပါတ်တိုင်းမှာ j loop ကတစ်ပါတ်ပဲပတ်တာမဟုတ်ပါဘူး ။ သူ့တန်ဖိုး ၂ ကနေစပြီး j<i မှန်နေသမျှ သူကပတ်မှာပါ သူလုပ်ဆောင်ချက်ပြီးမှ အပေါ် မှာရှိတဲ့ i loop က တန်ဖိုးတစ်ခုထပ်တိုးပြီးနောက်တစ်ပါတ်ပါတ်တာပါ ။
အခု Program ကို Run ကြည့်ရင်သိမှာပါ ဥပမာ factor of 8 is ဆိုတဲ့နေရာကိုတစ်ချက်ကြည့်ကြည့်ပါ ။ 2 ရယ် 4 ရယ် ဆိုပြီး ပြနေတာတွေ့မှာပါ ။
ဘာကြောင့်လဲဆိုတော့ j loop ထဲမှာ i တန်ဖိုး ၈ ကို 2 နဲ့စပြီး စားလိုက် တာ 7 နဲ့အထိတိုင်အောင်စားပါတယ် ။ အဲဒါဆိုတော့ I loop က ၈ ဆိုတဲ့တန်ဖိုး တစ်ခုနဲ့ တစ်ပါတ် ပတ် တဲ့အချိန်မှာ j loop က ၆ ကြိမ်ပတ်တာပေါ့ ။ ဒါပေမဲ့ ၈ ကိုစားလို့ပြတ်တာက ၂ နဲ့ ၄ ပဲပြတ်တာဆိုတော့ 2 ရယ် 4 ရယ်ပဲပြပေးတာပါ ။
Result
အမှားပါရင်လည်းထောက်ပြဝေဖန်ပေးကြပါ ။ လိုနေတာရှိရင်လည်း ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ် ။ ကဲ …နားကြဦးစို့ဗျာ …
Sunday, July 11, 2010
ဖြည့်စွက်ဆွေးနွေးချက်
ကိုစစ်သွေးရေ
ကျွန်တော် လမ်းကြုံတုံး တခုဝင်ရေးအုံးမယ်ဗျာ့ ဆွေးနွေးချက်(၆) နဲ့  ဆွေးနွေးချက်(၇) မှာ if ...else နဲ့  switch statement ကိုရှင်းပြသွားတာ အတော်လေးပြည့်စုံပါတယ်။ ကျွန်တော် အခုပြောပြမှာက ဘယ်လိုအချိန်မျိုးမှာ if..else သုံးသင့်ပြီး ဘယ်လိုအချိန်မျိုးမှာ switch statement သုံးမလဲဆိုတာပါ။
လွယ်လွယ်ပြောရရင် စစ်ဆေးရမဲ့ condition ၃ ခု သို့  ထို့ ထက်ပိုလာရင် switch statement ကိုအသုံးပြုသင့်ပါတယ်။ ကွန်ပြူတာ စနစ်ရဲ့  စစ်ဆေးမှု ပိုမြန်အောင် switch statement ကိုသုံးသင့်တာပါ။ ဥပမာပြောရရင် switch ရဲ့ အလုပ်လုပ်ပုံကိုက input value ပေါ်မူတည်ပြီး နောက်တဆင့်ကို တိုက်ရိုက်သွားပါတယ်။ နောက် break ပါတဲ့ အတွက် နောက်တခုကို ထပ်စစ်ဆေးမနေတော့ပါဘူး။
if မှာကတော့ else if ရှိနေသရွေ့  condition မမှန်သေးသရွေ့  ထပ်မံ စစ်ဆေးမှု ပြုလုပ်နေမှာ ဖြစ်ပြီး တကယ်လို့  condition မှန်ကန်မှုဟာ နောက်ဆုံးအဆင့် if မှာမှ ရှိမယ်ဆိုရင် စစ်ဆေးမှုဟာ အချိန်အတော် ယူမှာဖြစ်ပါတယ်
လွယ်ကူရိုးရှင်းတဲ့ ပရိုဂရမ်တွေ အတွက် မသိသာပေမဲ့ ရှုပ်ထွေးလှတဲ့ ပရိုဂရမ်တွေမှာ Optimization ဟာအလွန်အရေးပါလာတဲ့ အတွက် သင့်တော်သလို အသုံးပြုနိုင်ရန် တင်ပြလိုက်ပါတယ်
ဘုန်းသိင်္ဂါ
Saturday, July 10, 2010
ဆွေးနွေးချက် (၇)
switch Statement
switch ဆိုရင်တော့ အလွယ်ပြောရရင် ခလုတ်လေးတွေကိုသာပြေးမြင်ကြည့်လိုက်ပါ ။ ဘာလို့လဲဆိုတာ့ ဒီခလုတ်လေးကိုနှိပ်ရင်တော့ ဘာလုပ်မယ် ဘာဖြစ်မယ် ၊တခြားတစ်ခုနှိပ်ရင်တော့ ဘာလုပ်မယ်ဘာဖြစ်မယ်စသဖြင့် ခလုတ်တွေအများကြိးအတွက်ရေးချင်တဲ့အခါမျိုးတွေမှာ switch ကိုသုံးပြီးရေးပါတယ် (ကျွန်တော်နားလည်သလိုရေးလိုက်တာပါ … ) ။ switch က အရင်ကပြောခဲ့တဲ့ if ,else if,else ပုံစံနဲ့သဘောတရားချင်းအတူတူပဲဖြစ်ပါတယ် ။့  if ,else if,else ကိုသဘောပေါက်တယ်ဆိုရင် switch ကိုနားလည်ဖို့ရာလွယ်ကူပါတယ် ။ ဒါပေမဲ့ သူမှာနည်းနည်းထူးခြားနေတာလေး က break ; အော်ပရေတာလေး သုံးထားတာပါပဲ ။ break အော်ပရေတာအကြောင်းကိုတော့ နောက်ပိုင်းမှာဆက်ဖတ်ပေါ့ဗျာ ။ အခုတော့ မျက်စိထဲမှာ ထင်သာမြင်သာရှိသွားအောင် ဥပမာလေးနဲ့ စလိုက်ရအောင်
Example For Switch
#include <iostream>
using namespace std;
int main()
{
int num;
cout << "Enter a number from 1 to 3: ";
cin >> num;
switch(num) {
case 1:
cout << "Your Number is One.\n";
break;
case 2:
cout << "Your Number is Two.\n";
break;
case 3:
cout << "Your Number is Three.\n";
break;
default:
cout << "You must enter either 1, 2, or 3.\n";
}
return 0;
}
ရှင်းလင်းချက်
အပေါ်ကကုဒ်လေးတွေကိုတစ်ချက်ကြည့်ကြည့်ပါ ။ ပထမ main() ဖန်ရှင်ထဲမှာ cout << "Enter a number from 1 to 3: "; လို့ရေးထားတဲ့အတွက် secreen မှာ Enter a number from 1 to 3: လို့ပြနေမှာပါ ။ program အသုံးပြုသူ က ၁ ကနေ ၃ ထိဂဏန်းတွေကိုရိုက်ပေးရမှာဖြစ်ပါတယ် ။ အဲလို user ကနေ ရိုက်ထည့်လိုက်ပြီဆိုရင်
၁ ။ cin>>num ; ဆိုတဲ့အတွက် user ထည့်လိုက်တဲ့တန်ဖိုးကို variable num ထဲထည့်လိုက်ပါတယ်။
၂ ။ switch(num) အခုနက value ထည့်ထားတဲ့ variable num ကို switch နဲ့ စစ်လိုက်ပါတယ် ။ ၁ လား ။ ၂ လား ။ ၃ လား ။ ဒါမှမဟုတ် တခြား တစ်ခုခုလားပေါ့ ။
၃ ။ အပေါ်မှာကတည်း ၁ ကနေ ၃ ထိပဲရိုက်ထည့်ပါလို့ ပြောထားတဲ့အတွက် ၁ ကနေ ၃ အထိအတွက် အောက်မှာ
case 1: cout << "Your Number is One.\n"; စသည်ဖြင့်ကြိုတင်ရေးပေးထားပါတယ် ။ ဟုတ်ပီ ..တကယ်လို့ user က ၁ လို့ရိုက်ထည့်ပေးလိုက်တယ်ဆိုရင် switch နဲ့စစ်တဲ့အချိန်မှာ ၁ ဖြစ်သွားတာကြောင့် case 1 : ကိုပဲဝင်သွားပါတယ် ။ ပြီးရင် case 1: မှာရှိသမျှ လုပ်ဆောင်ရမဲ့ဟာတွအားလုံးကိုလုပ်ဆောင်ပါတယ် ။ ပြီးရင် breal; အကူအညီနဲ့ ကျန်တဲ့ case :1 ,2 ,default ကိုကျော်သွားပြီး
program အဆုံးကိုရောက်သွားပါတယ် ။
၎ ။ သူထုတ်ရမဲ့အဖြေတွေဘာတွေ ကို secreen မှာထုတ်ပေးပြီး return ပြန်ုလိုက်ပါတယ် ။
ပြောဖို့ကျန်သေးတာကဘာလဲဆိုတော့
default:
cout << "You must enter either 1, 2, or 3.\n"; ဆိုတဲ့အပိုင်း ပါ ။ ဒီကောင်က case တွေနဲ့တပ်ပြီးရေးထားတဲ့ case 1 ,case 2 : , case 3 : စတာတွေမှာအပ ကျန်တာတွေထဲက တစ်ခုခုကိုများ user ကရိုက်ထည့်မယ်ဆိုရင် default : နဲ့အလုပ်လုပ် မယ်ဆိုတဲ့သဘောပါ ။
switch statement ရဲ့လုပ်ဆောင်ချက်ကတော့ အခုပြောခဲ့တဲ့အတိုင်းပါပဲ ။ အောက်က Result လေးကိုတစ်ချက်ကြည့်ကြည်ပါ ။
Result
switch Statement using character
အခုနက ဥပမာမှာ integer ကို သုံးပြီး switch အလုပ်လုပ်ပုံကိုပြောပြခဲ့တာပါ ။ အခုပိုပြိးနားလည်သွားအောင် character သုံးထားတဲ့ switch ဥပမာလေးကိုကြည့်ကြည့်ပါဦး
#include <iostream>
using namespace std;
int main() {
char choice;
cout << "What you understand:\n";
cout << " a. if\n";
cout << " b. switch\n";
cout << " c. operator\n";
cout << "Choose one: ";
cin >> choice;
cout << "\n";
switch(choice) {
case 'a':
cout << "The if? you should study to understand everything\n\n";
break;
case 'b':
cout << "The switch? you should study to understand everything\n\n";
break;
case 'c':
cout << "The Operators? you should study to understand everything\n\n";
break;
default:
cout << "Selection not found.\n";
}
return 0;
}
ဒီဥပမာကလည်းအပေါ် က ဥပမာနဲ့ သဘောတရားတူတူပါပဲ အလုပ်လုပ်ပုံလည်းတူပါတယ် ။ ဒါပေမဲ့ ကွဲသွားတာ က အရင်ဥပမာတုန်း က int နဲ့ ဖမ်းတယ် ။ အခုက char choice နဲ့ ယူဆာရိုက်တဲ့တန်ဖိုးကိုဖမ်းတယ် ။ character ဖြစ်လို့ case ‘a’ : ဆိုပြီးရေးတယ် ။ ကျန်တာကတော့အတူတူပါပဲ ကြည့်ကြည့်လိုက်ရုံနဲ့နားလည်မယ်လို့ထင်ပါတယ် ။
switch without break statements.
ကျွန်တော်အပေါ်မှာတုန်းက ပြောခဲ့တယ် switch မှာ if ..else နဲ့မတူတာ က break; လေးသုံးထားတယ်လို့ ။ အခု switch statement ကို break မပါပဲရေးပြပါ့မယ် ။ အဲဒါဆိုရင် switch မှာဘာကြောင့် break သုံးတယ် ။ if …else မှာ break မသုံးတာနဲ့ ဘယ်နေရာတွေမှာကွာသွားလဲဆိုတာ ကို သေချာကြည့်ကြည့်ပါ ။
#include <iostream>
using namespace std;
int main()
{
int i;
for(i=0; i<5; i++) {
switch(i) {
case 0: cout << "less than 1\n";
case 1: cout << "less than 2\n";
case 2: cout << "less than 3\n";
case 3: cout << "less than 4\n";
case 4: cout << "less than 5\n";
}
cout << '\n';
}
return 0;
}
Result
ဒီ Pogram မှာ ကျွန်တော် for loop ပါသုံးထားပါတယ် ။ loop တွေအကြောင်းကိုတော့ နောက်မှာဆက်ရေးပါ့မယ် ။ တကယ်လို့ swith မှာ break သာမသုံးဘူးဆိုရင် switch ထဲမှာ ရှိတဲ့ case တန်ဖိုးရဲ့ case တွေအားလုံးလုပ်တယ်ဆိုတာကိုသိစေချင်လို့ပါ ။ ပထမ switch(0) ဖြစ်တဲ့အချိန်မှာ case 0 : အောက်မှာရှိတဲ့ case 1 : ,2,3,4 အားလုံးကိုအလုပ်လုပ်သွားတာပါ ။ နောက်ခါ switch(1) ဖြစ်တဲ့အချိန်မှာ တော့ case 2: 3,4,5 ကိုလုပ်သွားတာပါ ။ အဖြေတွေကိုကြည့်ရင်သိသာမှာပါ ။
switch case falling through
ကိုင်းဗျာ ….အခုနောက်တစ်မျိုး switch Statement ကိုနောက်ပုံစံတစ်မျိုးနဲ့ရေးထားတာပါ ။ ဘာလို့ ကျွန်တော် ပုံစံတွေအများကြီးရေးပြီး ပို့စ်ကိုအရှည်ကြီးရေးပေးနေလည်းဆိုတော့ ကျွန်တော်တို့ က beginner တွေပါ ။ ကျောင်းသူကျောင်းသားတွေဆိုတော့ ဆရာက switch() ကဒီလိုရှိတယ် ဆိုပြီးတစ်မျိုးပြရင် တစ်မျိုးပဲမှတ်လိုက်တာပါ တစ်ခါတစ်ခါ သူများရေးထားတဲ့ကုဒ်လေးတွေလျှောက်ကြည့်ကြည့်တဲ့အခါ ကိုမမြင်ဖူးတဲ့ပုံစံတွေနဲ့ရေးထားတဲ့အခါ နားမလည်နိုင်တာတွေဖြစ်လာတက်ပါတယ် ။ ဒါကြောင့်ဒီလိုမျိုးတင်မဟုတ်ဘူးဒီလိုတွေပါရှိတယ်ဆိုတာ ကို မြင်ဖူးအောင် ဥပမာ များများ တွေရေးပြတာပါ ။ အဲဒါဆိုတော့ နောက်ကိုယ်တိုင်လေ့လာတဲ့အခါလွယ်ကူသွားတာပေါ့ ဗျာ ။ ကဲ့ ကြည့်ရအောင်ဗျာ ။
#include <iostream>
using namespace std;
int main()
{
int i;
for(i=0; i<5; i++) {
switch(i) {
case 1:
case 2:
case 3:
cout << "i is less than 4";
break;
case 4:
cout << "i is 4";
break;
}
cout << '\n';
}
return 0;
}
ရှင်းလင်းချက်
ဒီ Program မှာ case 3: နဲ့ case 4 : မှာပဲ expression တွေရေးထားတာပါ ။ နောက်ပြီး for loop ကိုသုံးထားပါတယ် ။ ပထမ looping ၃ ပတ်မှာ case 1: case 2: တွေမှာ ဘာstatement မှရေးမထားတဲ့အတွက် case 3 :နေရာတွေ ပဲလာလာလုပ်ပါတယ် ။ ပြိးတော့ case 3 : မှာ break; သုံးထားတဲ့အတွက် case : 4 ကိုဆက်မဆင်းပဲ နောက်ထပ် Looping ထပ်ပတ်လိုက်ပါတယ် ။ နောက် i တန်ဖိုး ၄ ဖြစ်တဲ့အချိန်ကျမှပဲ ။ case 4: ကိုတန်းဝင်ပြီး အလုပ်လုပ်သွားတာပါ ။ result လေးနဲ့တွဲကြည့်မယ်ဆိုရင်ပို ပြီးနားလည်မယ်ထင်ပါတယ် ။
Result
ကဲဗျာ … ဒီလောက်ဆိုရင် switch Statement ရဲ့ သုံးတဲ့နေရာတွေ ၊ ပုံစံကွဲတွေ ၊သူတို့ရဲ့အလုပ်လုပ်ပုံတွေကို တော်တော်များများသဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဆွေးနွေးတာဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ် ။ လိုနေလို့ မှားနေလို့ ထောက်ပြတာပဲဖြစ်ဖြစ် ၊ နားမလည်သေးရင်ပဲဖြစ်ဖြစ် ဝင်ရောက်ဆွေးနွေးကြပါလို့ ပြောပါရစေဗျာ …. ။
ဆွေးနွေးချက် (၆)
If statement
if( Conditional Expression ) Statement ;
if ဆိုတာ ခဲ့လျှင် ပေါ့ဗျာ ။ ဘာဖြစ်ခဲ့လျှင်ဘာလုပ်ပေးရမယ် ။ ဒီဟာဖြစ်ခဲ့လျှင် တော့ ဒါလုပ်ပေးရမယ် ။ ဆိုတဲ့သဘောအတိုင်းပါပဲ ။ ဒါဖြစ်ခဲ့လျှင် ဆိုတဲ့ နေရာမှာ ကိုယ် ဖြစ်စေချင်တဲ့ အခြေနေတစ်ခု (Condition) ကိုဖော်ပြပေးပြီး ၊ ဒါလုပ်ရမယ်ဆိုတဲ့နေရာမှာတော့ ကိုယ်လုပ်ခိုင်းချင်တဲ့ Statement တစ်ခုကိုရေးသားပေးရမှာပါ ။
if (x == 100)
cout << "x is 100";
ဒီ Code လေး ကိုပဲ ကြည့်ကြည့်ပါ ။ x တန်ဖိုး ဟာ ၁၀၀ နဲ့ ညီခဲ့လျှင် ဆိုတဲ့ Conditional Expression ကိုပေးပြီး ၊ x is 100 ဆိုပြီးထုတ်ပေးပါ ဆိုတဲ့ Statement ကိုရေးပေးထားပါတယ် ။
If statement ရဲ့ မူကွဲလေးတွေကိုအောက်မှာ ဥပမာလေးတွေနဲ့ ရေးပြထားပါတယ် သေချာနားလည်သွားအောင်လေ့လာကြည့်ပါဦး ။
Example for simple if statement
#include <iostream>
using namespace std;
int main() {
int a, b, c;
a = 2;
b = 3;
if(a < b)
cout << "a is less than b\n";
if(a == b)
cout << "The two numbers are equal\n";
return 0;
}
ဒီကုဒ်လေးတွေကတော့ ရိုးရိုး ပါပဲ ။ ပထမ variables တွေ ရဲ့တန်ဖိုးတွေကို သွင်းပေးထားတယ် ။ ပြီးတော့ if statement ကိုသုံးပြီး a ဟာ b ထက်ငယ်လားစစ်တယ် ။ ငယ်တယ်ဆိုရင် အောက်က cout << "a is less than b\n"; ကိုလုပ်သွားမယ် ။ တကယ်လို့ a နဲ့ b ကတန်ဖိုးညီရင်တော့ cout << "The two numbers are equal\n"; ဆိုတဲ့ statement ကိုလုပ်သွားမှာပဲဖြစ်ပါတယ် ။ ဒါကို if ၂ ခုသုံးပြီးရေးထားတာ ပါသူက မှန်တဲ့ ဟာတစ်ခုပဲလုပ်ပါလိမ့်မယ် ။
Example For If Statement With Else
#include <iostream>
#include <cstdlib>
using namespace std;
int main()
{
int magic; // magic number
int guess; // user's guess
magic = rand(); // get a random number
cout << "Enter your guess: ";
cin >> guess;
if(guess == magic)
cout << "Right";
else
cout << "...Sorry, you're wrong.";
return 0;
}
ဒီ code လေးတွေကတော့ ဂဏန်း ကိုမှန်းတဲ့ဟာလေးပါ ။ပထမ random ခေါက်ပြီး Variable တစ်လုံးထဲထည့်ထားပြီး User ကိုမှန်းခိုင်းထားတာပါ ။ မှန်းတဲ့အခါမှာ ကိုယ်မှန်းတာက မှန်ချင်မှန်လိမ့်မယ် ။ ဒါမှမဟုတ်မှားချင်လည်းမှားသွားနိုင်ပါတယ် ။ အဲလို အခါမျိုးမှာ မှန်ရင်တော့ဘာလုပ်ပါ မမှန်ခဲ့ရင်တော့ဘာလုပ်ပါ စသဖြင့် statement ပေးထားချင်တယ်ဆိုရင် If Statement With Else ကိုသုံးရပါတယ် ။ အသေးစိတ်တော့မပြောတော့ဘူးနော် အခုပြောထားတာလေးဖတ်ပြီး Program လေးကို Run ကြည့်မယ်ဆိုရင်အဆင်ပြေမယ်ထင်ပါတယ် ။
Example For if , else if , else
#include <iostream>
using namespace std;
int main()
{
int a,b;
cout<<"Enter 2 number "<<endl;
cin>>a>>b;
if(a>b)
cout<<"1st Number is greater than 2nd "<<endl;
else if (a<b)
cout<<"2nd Number is greater than 1st "<<endl;
else
cout<<"The two number are equal "<<endl;
return 0;
}
အပေါ်က codes လေးတွေကတော့ ဂဏန်း ၂ ခုရိုက်ထည့်ပြီး အဲဒီ ဂဏန်း ၂ ခုကိုနှိုင်းယှဉ်ပေးဖို့ရေးထားတာ ပါ ။ နှိုင်းယှဉ်တဲ့အခါမှာ ကြီးတာရှိမယ် ၊ ငယ်တာရှိမယ် ၊ ၂ ခုလုံး က ညီနေတာတွေရှိမယ် အဲလို အခြေနေတွေ ၃ ခုဖြစ်လာနိုင်တဲ့အခါမှာ if , if else , else ပုံစံကိုသုံး ပါတယ် ။ ဒီထက်ပိုတဲ့ အခြေနေတွေဖြစ်လာမယ်ဆိုရင်လည်း if else ကိုနောက်ထပ်ထက်တိုးပြီး nestled if else ပုံစံမျိုးသုံးနိုင်ပါတယ် ။
Example For block of code in if statement
#include <iostream>
using namespace std;
int main() {
double result, n, d;
cout << "Enter value: ";
cin >> n;
cout << "Enter divisor: ";
cin >> d;
if(d != 0)
{
cout << "d does not equal zero so division is OK" << "\n";
result = n / d;
cout << n << " / " << d << " is " << result;
}
return 0;
}
ဒီ code လေးကတော့ if statement ထဲမှာ block လေးတွေဖွဲပြီးရေးတဲ့ နမူနာပုံစံလေးပါ ။ block လေးတွေဖွဲ့ဖို့ဆိုရင်တော့ {……..} brace ကိုသုံးရပါတယ် ။ ဘာကြောင့် block ဖွဲ့ပြီးရေးရလဲဆိုတော့ အရင် ပေးတဲ့ဥပမာတွေမှာလည်းတွေ့ပြီးဖြစ်မှာပါ if (Conditional Expression) ရဲ့အောက်မှာ block မဖွဲ့ဘူး brace မသုံးထားဘူးဆိုရင် statement တစ်ကြောင်းကိုပဲသူက အလုပ်လုပ်မှာပါ ။ Statementsတွေတစ်ခုထက်ပိုပြီး if (Conditional Expression) အောက်မှာလုပ်စေချင်တယ်ဆိုရင် block ဖွဲ့ပြီး ရေတဲ့ပုံစံကိုသုံးရပါလိမ့်မယ်။
အပေါ်ကဥပမာမှာ {………} တွေဖြုတ်ပြီး အောက်ကတိုင်းရေးခဲ့မယ်ဆိုရင် cout << "d does not equal zero so division is OK" << "\n"; ဆိုတဲ့တစ်ကြောင်းပဲ အလုပ်လုပ်ပါလိမ့်မယ် ။
if(d != 0)
cout << "d does not equal zero so division is OK" << "\n";
result = n / d;
cout << n << " / " << d << " is " << result;
Example For Nested If Statement
if statement block တစ်ခုအတွင်းမှာ ထပ်ပြီး if statement block ၊ else block စတဲ့ if , else if , else တွေကိုဆင့်ပွားဆင့်ပွား သုံးတဲ့ ပုံစံကို Nested If Statement လို့ မှတ်ယူနိုင်ပါတယ် ။ အောက်ကဥပမာလေး ကိုလေ့လာကြည့်ပါဦး ။
#include <iostream>
int main()
{
int firstNumber =2;
int secondNumber = 3;
if (firstNumber >= secondNumber)
{
if ( (firstNumber,secondNumber) == 0) // evenly divisible?
{
if (firstNumber == secondNumber)
std::cout << "They are the same!\n";
else
std::cout << "They are evenly divisible!\n";
}
else
std::cout << "They are not evenly divisible!\n";
}
else
std::cout << "Hey! The second one is larger!\n";
return 0;
}
Example for Using an int value to control the if
အရင်ပေးခဲ့တဲ့ ဥပမာတွေ တုန်းက a==b တွေ a>b တွေ စတဲ့ Operation Expression တွေကိုသုံးပြီးတော့ ဥပမာပေးခဲ့ပါတယ်။ နောက်ဆုံးဥပမာလေးတစ်ခုကတော့ integer တန်ဖိုးတစ်ခုကိုသုံးပြီး If statement ကိုထိန်းချုပ်ပေးခြင်းပဲဖြစ်ပါတယ်။ အောက်ကကုဒ်လေးကိုကြည့်ကြည့်ပါ။
#include <iostream>
using namespace std;
int main()
{
int a, b;
cout << "Enter numerator: ";
cin >> a;
cout << "Enter denominator: ";
cin >> b;
if(b)
cout << "Result: " << a / b << '\n';
else
cout << "Cannot divide by zero.\n";
return 0;
}
Integer တန်ဖိုး ၂ ခုတောင်းပြီးတော့ တစ်ခုကိုတစ်ခုနဲ့စားတာပါ ။ သချာင်္ သဘောအရာ ပိုင်းခြေ သုညမဖြစ်ရပါဘူး ။ ဒီ program မှာ variable b က စားကိန်းဖြစ်တာကြောင့် if(b) ဆိုပြီး Integer ဟုတ်ရဲ့လားစစ်ပါတယ်။ interger ဟုတ်တယ် သုညမဟုတ်ဘူးဆိုရင်တော့ Result ထုတ်ပေးမှာဖြစ်ပြီး ။ user က b တန်ဖိုးကို သုညလို့ ပေးခဲ့ရင်တော့ else stateမှာပါတဲ့ စားလို့မရနိုင်ပါဘူးဆိုတာကို ထုတ်ပေးပါလိမ့်မယ် ။
ကဲဗျာ….. If Statement အကြောင်းကိုဒီမှာတင်ပဲနိဂုံးချုပ်ကြရအောင်ဗျာ ။ ဒီလောက်ဆိုရင် ညီအစ်ကိုသူငယ်ချင်းတို့သဘောပေါက်မယ်လို့ထင်ပါတယ် …။
ဆွေးနွေးချက် (၅)
Escape Sequences
Escape Sequences keys တွေကတော့ output တွေထုတ်ပြတဲ့အခါမှာ နောက်တစ်လိုင်းဆင်းပါ ။ ပုံလေးတွေပြပေးပြီးအမှတ်သားလုပ်ပါ ။ ဒီနေရာရောက်ရင်တော့ tab ခုံပေးပါ စသဖြင့်ပေါ့လေ ကိုယ်လိုတဲ့ပုံစံလေးတွေဖြစ်အောင်ညွှန်ကြားပေးနိုင်ဖို့အတွက်သုံးပါတယ် ။အောက်မှာလေ့လာကြည့်ပါ ။
Example Program
အပေါ်မှာပေးထားတဲ့ပုံအပြင် ပရိုဂရမ်ဥပမာလေးပါပြ လိုက်ပါတယ် ။ အပေါ်ကပုံလေးနဲ့ Program code လေးတွေကိုတွဲပြီးလေ့လာမယ်ဆိုရင် နားလည်လိမ့်မယ်လို့ထင်ပါတယ် ။Output ထုတ်တဲ့အခါသိသာနိုင်ဖို့အတွက် တစ်ခါတည်း ဘာအတွက်ထုတ်တယ်ဆို ရေးပေးထားပါတယ် ။
#include<iostream>
using namespace std;
void main()
{ cout<<"using (tab)"<<endl;
cout<<" Welcome From \t My Blog "<<endl;
cout<<endl;
cout<<endl;
cout<<"using(newline)"<<endl;
cout<<"How \nare \nyou ?"<<endl;
cout<<endl;
cout<<endl;
cout<<"using(Audible bell)"<<endl;
cout<<"How \a are \a you ?"<<endl;
cout<<endl;
cout<<endl;
cout<<"using(Formfeed)"<<endl;
cout<<"How \f are \f you ?"<<endl;
cout<<endl;
cout<<endl;
cout<<"using (Double quote )"<<endl;
cout<<"How \"are \"you ?"<<endl;
cout<<endl;
cout<<endl;
cout<<"using (Single quote)"<<endl;
cout<<"How \'are \'you"<<endl;
cout<<endl;
cout<<endl;
cout<<"using(Vertical tab)"<<endl;
cout<<"How \v are \v you"<<endl;
cout<<endl;
cout<<endl;
cout<<"using(Backslash)"<<endl;
cout<<"How \\ are \\ you"<<endl;
cout<<endl;
cout<<endl;
cout<<"using(Octal number (nnn))"<<endl;
cout<<"\3 How are you \6"<<endl;
cout<<endl;
cout<<endl;
cout<<"using(Carriage return)"<<endl;
cout<<"How \r are \r you "<<endl;
cout<<endl;
cout<<endl;
cout<<"using(Null character )"<<endl;
cout<<"How \0 are \0 you"<<endl;
cout<<endl;
cout<<endl;
cout<<"using(Hexadecimal)"<<endl;
cout<<"How are you \x4e"<<endl;
cout<<endl;
cout<<endl;
cout<<"using(Hexadecimal)"<<endl;
cout<<"How are you \?"<<endl;
cout<<endl;
cout<<endl;
cout<<"using (Backspace)"<<endl;
cout<<"How\b are\byou"<<endl;
}
Result
Code လေးတွေကို ကိုယ်တိုင်ရေးပြီးစမ်းကြည့်စေချင်ပါတယ် ။ အဲဒါဆိုရင် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ နားလည်ပါလိမ့်မယ် ။